Wednesday, June 10, 2009

remniscence at institute of medicine II, Rangoon

ပခုလောက်ဆို မင်္ဂလာဒုံဆေးကျောင်းမှာ...အခုလောက်ဆိုရင်ဂ၀ံရောင်စွေးစွေးထနေတဲ့မြေကြီးပေါ်မှာ...စိန်ပန်းပွင့်နီနီလေးတွေကြွေနေကြရော့မယ်...။ သစ်ပင်ပေါ်ကမီးဘုရင်မလို့စိန်ပန်းပွင့်နီနီတွေကိုတင်စားတဲ့သူကတင်စားနဲ့လွှတ်လွမ်းဖို့ကောင်းတဲ့ကာလတွေပေါ့ဗျာ။ဆေးကျောင်းရှေံက ကားမှတ်တိုင်အတိုင်းလမ်းလျှောက်ပြီးဝင်လာရင်ကံ့ကော်ပင်အုပ်အုပ်တွေကြားကအုတ်နီနီစီထားတဲ့အုပ်ကြွပ်မိုးခေါင်မိုးနိမ့်နိမ့်တွေနဲ့တောရကျောင်းလေးက တစ်ခါကလွမ်းစရာ ဆေး-၂ ပေါ့ဗျာ...။ ဆရာတက္ကသိုလ်ဘုန်းနိုင်တောင်မိုးရွာပြီးခါစမြေသင်းနံ့တွေသင်းနေတဲ့မြေပြင်ပေါ်ကပိတောက်ပွင့်ကြွေတွေကိုတွေ့ ပြီး ၀တ္ထုတပုဒ်ထဲမှာထင်တယ်၊ ထည့်ရေးဖူးတယ်။ လွမ်းတယ်ဗျာ..အခုပြောနေတုန်းမှာတင်။

history is made by those who break the rules

တကယ်ဆိုရင် ထူးအိမ်သင်သီချင်းထဲကလိုအကောင်းဆုံးဖြစ်သင့်ပြီ လို့ဆိုရမှာပါ။